၂၀၁၀ ကိုးကန့်အုပ်ချုပ်ရေးအင်အားစုကို တရုတ်ကဖယ်ပြီး ဖုန်အုပ်စုကို တင်ချင်ပုံပဲ

၂၀၁၀ ကိုးကန့်အုပ်ချုပ်ရေးအင်အားစုကို တရုတ်ကဖယ်ပြီး ဖုန်အုပ်စုကို တင်ချင်ပုံပဲ CNI Interview ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စတင်ကာ တရုတ် - မြန်မာ နယ်စပ်အနီးရှိ မြို့ကြီးများတွင် အခြေပြုလှုပ်ရှား နေသော အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တရုတ်အာဏာပိုင်များမှ ဖမ်းဆီးမှုများ ရှိခဲ့သည်။ ထို့နောက် ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) တို့ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးမှာလည်း ငွေလိမ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး တစ်ခု အပါအဝင် ဖြစ်သည်။ ထို့အတူ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန် အပါအဝင် ဆယ်ဦးကို အွန်လိုင်း ငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနမှ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့သည်။ အလားတူ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့ဝင်များနှင့် ကိုးကန့်သူဋ္ဌေးများကို ဖမ်းဆီးထားသည်။ ထိုအခြေအနေများနှင့် ပတ်သက်ပြီး ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို CNI သတင်းဌာန က ဆက်သွယ်မေးမြန်းထားပါသည်။ Website တွင်ကြည့်ရှုရန်- - - #ကိုးကန့်အုပ်ချုပ်ရေး #ဖုန်အုပ်စု #တရုတ် #ဒေါက်တာအေးမောင် #အင်တာဗျူး #CNIInterview #CNImyanmar CNI Telegram Channel----- CNI Twitter Link-----
Back to Top