BGF ဘယ်လို ဆက်ပြီး ရပ်တည်မလဲ- BBC News မြန်မာ

နယ်ခြားစောင့်တပ်အနေနဲ့ စစ်ကောင်စီက ပေးတဲ့ ရိက္ခာနဲ့ လစာကိုမယူ‌တော့ဘဲ ရပ်တည်မယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF) ကအထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ ကပြောပါတယ်။ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ကရင်ပြည်နယ်၊ဘားအံမြို့ ကို နေ့ချင်းပြန်သွားပြီး BGF က ဗိုလ်မှူးကြီး စောချစ်သူနဲ့ တွေ့ဆုံခဲ့ပြီး ဒီအတွက်ဆွေးနွေးတာတွေလုပ်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ထောက်ပံ့မှုကို BGF ဘာကြောင့်မယူတာလဲ။ BGFအနေနဲ့ ဘယ်လိုဆက်ပြီး ရပ်တည်မလဲဆိုတာတွေနဲ့ ထိုင်း - မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး သဘောထားဘယ်လိုရှိလဲ။ BGF ရဲ့ အထွေထွေအတွင်းရေးမှူးဗိုလ်မှူးကြီးစောချစ်သူနဲ့ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။
Back to Top