သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု (ရုပ်သံအစီအစဉ်)

“မင်္ဂလာဆောင်ပြီးတာနဲ့ တစ်ရက်ပဲနားပြီး အလုပ်ပြန်လုပ်မှာ။ နယ်တွေလည်းသွားရမှာဆိုတော့ သူ့ကိုအိမ်မှာထားခဲ့မှာ“ သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု (ရုပ်သံအစီအစဉ်) ■ ဒါရိုက်တာ ဏကြီး နဲ့ သရုပ်ဆောင် အကယ်ဒမီပိုင်ဖြိုးသုတို့ ချစ်သူနှစ်ဦးရဲ့  မင်္ဂလာလက်ထပ်ပွဲကို ၂၀၁၉ ဇန်န၀ါရီလရဲ့ နှစ်သစ်အစမှာ Inya Lake Hotel မြတ်ခင်းပြင်မှာပြုလုပ်မှာ ဖြစ်ပါတယ်။ ချစ်သူသက်တမ်း ၅ နှစ်ကျော်မှာ မင်္ဂလာလက်ထပ်ပွဲ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ■ “ကိုဏကြီးက သုသု ကို အရမ်းနားလည်မှုပေးရမှာပါ။ လက်ထပ်ပြီးရင်လည်း ပိုပြီးနားလည်မှုပေးရမှာပါ။ အိမ်မှာနေနိုင်မယ့် မိန်းကလေးမျိုး မဟုတ်တော့လေ။ နဂိုစိတ်အခံခြင်း၊ အနုပညာအလုပ်ကို ချစ်တာခြင်းတူကြတဲ့အခါကျတော့ နှစ်ယောက် အလုပ်ဇောကပ်နေတဲ့ အချိန်ဆို တစ်ယောက်ကို တစ်ယောက်နားလည်မှုပေးနိုင်တယ်။“
Back to Top