လူ ၄ဦး သေဆုံးခဲ့ရသည့် မင်းတပ်မြို့၊ ဝမ္မသူးဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှု

လူ ၄ဦး သေဆုံးခဲ့ရသည့် မင်းတပ်မြို့၊ ဝမ္မသူးဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှု -------------------- ချင်းပြည်နယ်၊ မင်းတပ်မြို့မြောက်ဘက် မိုင် ၂၀ကျော်အကွာရှိ ဝမ္မသူးရွာဆေးရုံကို စစ်ကောင်စီလေတပ်က ယမန်နေ့ (ဧပြီ ၂၅) ရက် ညပိုင်းတွင် ဗုံးကြဲခဲ့ရာ ဆေးရုံတက်နေသည့် လူနာ ၄ ဦးသေဆုံးပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်လုပ်နေသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ ဦးမှာ ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာရရှိသူများအနက် ၂ ဦးမှာ သွေးထွက်လွန်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။ ဆေးရုံလည်း မီးလောင်ပျက်စီးပြီးသွားသည်။ ဝမ္မသူးဆေးရုံသည် အာဏာမသိမ်းခင်က စစ်ဆရာဝန်တစ်ယောက်သာထိုင်သည့် တိုက်နယ်အဆင့်ရှိ ဆေးရုံတစ်ရုံဖြစ်ခဲ့သည်။ စစ်တပ်ကအာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ထားသည့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနေသည့် ဆေးရုံဖြစ်သည်။ မင်းတပ်မြို့နယ်သာမက မတူပီ၊ ကန်ပက်လက်နှင့် ‌မကွေးတိုင်း ယောဒေသ ပြည်သူများအထိ အားထားရသည့် ဝမ္မသူးရွာ လေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွန် ပြောပြထားသည်။
Back to Top