လင်းယုန်နဲ့ နဂါးအကြား ဝက်ဝံပါ ပါလာတဲ့ ကြားခံ ဗမာပြည် - ကိုအောင်မိုးဝင်း သုံးသပ်သည်

လင်းယုန်နဲ့ နဂါးအကြား ဝက်ဝံပါ ပါလာတဲ့ ကြားခံ ဗမာပြည် - ကိုအောင်မိုးဝင်း သုံးသပ်သည် ---------------------- ‘’ဝဂ္ဂနာ အပါအဝင်ကြေးစားတပ်တွေ... ဘယ်လို ပါဝင်နေတာလဲ ဆိုတာ... ပုံစံ ၄ မျိုးသွားတွေ့ရတယ်...’’ ‘’မိုးကုတ်က ကျောက်တွင်းကို ပြန်ရရင်... ငါတို့က မင်းတို့ကို ပါဆင်းတစ် ဘယ်လောက် ပေးမယ်ဆိုတာမျိုး...’’ ကိုအောင်မိုးဝင်း (နိုင်ငံရေး သုတေသီ) -------------------------- တရုတ် မီဒီယာ တခုကနေ လက်ရှိ မြန်မာ့ပဋိပက္ခမှာ ရုရှားနိုင်ငံက ဝဂ္ဂနာ ကြေးစား စစ်သားတွေ ပါဝင် ပတ်သက်နေတယ်လို့ မကြာသေးခင်က ထုတ်ဖေါ် ပြောဆိုလိုက်ပါတယ်။ ဒီအတွက် စစ်ကောင်စီဟာ မိတ်ဆွေ တရုတ်နိုင်ငံကို သစ္စာဖေါက်တာ ဆိုပြီး အဲဒီ တရုတ်မီဒီယာက စွပ်စွဲထားပါတယ်။ ဒီတော့ တကယ်ပဲ စစ်ကောင်စီက ဝဂ္ဂနာ ကြေးစား စစ်သားတွေကို ခေါ်ယူ အသုံးပြုနေပါလား... ၂၀၀၈ ခြေဥ ၄၂ ခ အရ နိုင်ငံခြားတပ်ဖွဲ့တွေ ခြေချခွင့်မရှိရဘူး ဆိုထားတော့... တကယ် ဖြစ်နိုင်မလား... ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လို အဆင့်အထိ ဝဂ္ဂနာ တွေပါဝင်ပတ်သက်နိုင်လဲ... မြန်မာနဲ့ ပတ်သက်ပြီး စည်း ၃ စည်း တားထားတဲ့ တရုတ်ရဲ့ စိုးရိမ်မှုက ဘာဖြစ်မလဲ... အရင် နဂါးနဲ့ လင်းယုန် ကြားခံ မြန်မာ့အရေးထဲ အခု ဝက်ဝံပါလာပြီ ဆိုရင်... မြန်မာ့အရေး အရွေ့က ဘာဖြစ်လာနိုင်မလား... ပိုဆိုးမလား... ပိုကောင်းလာမလား.... စတဲ့ နိုင်ငံကြီး ၃ နိုင်ငံရဲ့ ကြားခံ မြန်မာပြည်အကြောင်း နိုင်ငံတကာ ရှုထောင့် ကနေ ဘယ်လို ရှုမြင်နိုင်မလဲ ဆိုတာ နိုင်ငံရေးသုတေသီ ကိုအောင်မိုးဝင်း ကို မေးမြန်း တင်ဆက်ထားပါတယ်။ ---------------- THN Public Media - ဖေ့စ်ဘွတ် မှာလည်းကြည့်ပြီး ပံ့ပိုးနိုင်ပြီ ဖေ့စ်ဘွတ် မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ ---------------------------
Back to Top