တစ်ရွာလုံးမြေကြီးအောက်ရောက်တဲ့ရုပ်သံ|| ရေကြီး၊ မြေပြိုကျပြီး လူများစွာပျောက်ဆုံး ။ || ရမည်းသင်း ||

တစ်ရွာလုံးမြေကြီးအောက်ရောက်တဲ့ရုပ်သံ|| ရေကြီး၊ မြေပြိုကျပြီး လူများစွာပျောက်ဆုံး ။ ရွာလုံးကျွတ် မြေကြီးအောက်ရောက်ပြီး လူပေါင်း ရာချီပျောက်ဆုံးနေသည့် ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာ မြင်ကွင်း (ရုပ်/သံ) ရန်ကုန်၊ စက်တင်ဘာ ၁၃ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိရွှေလုပ်ကွက်များတွင် မိုးသည်းထန်စွာ ရွာသွားမှုကြောင့် မြေပြိုကျမှုများ ဖြစ်ပေါ်ပြီး အလုပ်သမားအများပြား ပျောက်ဆုံးနေကြာင်း အဆိုပါ ရွှေလုပ်ကွက်မှ အလုပ်သမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၁၁ ရက်နေ့နှင့် စက်တင်ဘာလ ၁၂ ရက်နေ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိရွှေလုပ်ကွက်ရှိ လုပ်ကွက်များတွင် မြေပြိုကျမှု များ ၊ ရွှေတူးဖော်ရေးလုပ်ကွက်နှင့် အလုပ်သမားများနေထိုင်ရာ နေရာများ ပြိုကျမှုများဖြစ်ပွားခဲ့ကြောင်း ၊ မိုးထိမိုးမိရွှေတူးဖော်ရေးတွင် လုပ်ကွက်ပေါင်း ၄၀ နီးပါးရှိပြီး ရွှေလုပ်ကွက်အများအပြား မြေပြိုကျမှုကြောင့် ပျက်စီးသွားကြောင်း၊ လက်ရှိအချိန်အထိ အဆက်အသွယ်များ ပြတ်တောက်ပြီး ကယ်ဆယ်ရေးလည်းမရှိဘဲ ပျောက်ဆုံးနေသော အလုပ်သမားအများအပြားလည်းရှိနေကြောင်း သိရှိရသည်။ “ရမည်းသင်း မိုးထိမိုးမိရွှေလုပ်ကွက် မှာ မိုးကြီးပြီးမြေတွေပြိုလို့ လူတွေသေကြတယ်။ လုပ်ကွက်တစ်ခုတည်းမှာတင် သေတာ မနည်းဘူး။ လုပ်ကွက်ပေါင်း သုံးလေးဆယ်ထက် မနည်းရှိတာ။ အခုရေတော့မရှိတော့ဘူး။ ဒါပေမယ့် အခုအထိကိုအလောင်းပြန်မရသေးတာတွေ ပျောက်ဆုံးနေတာတွေအများကြီးပဲ။ မ
Back to Top