လူ ၃၀ခန့် သေဆုံးခဲ့ရသည့် မင်္ဂလာဆောင်ဗုံးကြဲခံရမှု ဖြစ်စဉ်

“လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတောင် ကိုက် ၅၀၀ လောက် လွှင့်စင်သွားတယ်” ---------- တနင်္လာနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာမှ မင်္ဂလာဆောင်တစ်ခုကို စစ်ကောင်စီက လေယာဉ်ဖြင့် နေရာအတိအကျ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူအရေအတွက်သည် ၂၈ ဦးအထိ တိုးလာသည်။ ဒဏ်ရာရသူ ၅၄ဦးထက်မနည်း ရှိနေပြီး၊ ၎င်းတို့ထဲမှာ ၁၂ဦးသည် ပြင်းထန်ဒဏ်ရာ ရထားသည်။ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ မတောရွာ မင်္ဂလာဆောင် ပွဲသိမ်းခါနီးအချိန် အတိအကျ လာရောက်ပစ်ခတ်ခဲ့သည့် လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတစ်ဦးက Myanmar Now ကို ပြောပြထားသည်။ တည်းဖြတ် - ဟန်သစ်
Back to Top