သံချပ်ကာကားတွေနဲ့အတူ ’တောင်ခမ်းတိုက်ပွဲ’ မှတ်တမ်း TNLA ထုတ်ပြန်

သံချပ်ကာကားတွေနဲ့အတူ ’တောင်ခမ်းတိုက်ပွဲ’ မှတ်တမ်း TNLA ထုတ်ပြန် .......... ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာ တိုက်ပွဲမှတ်တမ်းများကို တအာင်းအမျိုးသားတပ်မတော် TNLA က ယမန်နေ့(စက်တင်ဘာ ၄)ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိထားသည့် သံချပ်ကာကားများကို TNLA တပ်ဖွဲ့ဝင်များက မောင်းနှင်အသုံးပြုနေပြီး၊ သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် ၎င်းတို့ထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို TNLA ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။ စစ်ကောင်စီ၏ အမြောက်တပ်များ တည်ရှိရာ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာတွင် တိုက်ပွဲများ ပြင်းထန်နေသည်မှာ ရက်သတ္တပတ် ၃ပတ်ခန့် ရှိလာပြီဖြစ်သည်။ တိုက်ပွဲများ ပြင်းထန်နေသည့် တောင်ခမ်းကျေးရွာသည် စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်(ခ)မေမြို့သို့ ကားဖြင့်သွားလျှင် နှစ်နာရီအတွင်း ရောက်နိုင်သည်။ သို့ဖြစ်ရာ တောင်ခမ်းရှိ စစ်ကောင်စီစခန်းများအားလုံးကျလျှင် ပြင်ဦးလွင်မြို့ကို တော်လှန်ရေးတပ်များက စစ်ရေးအရ ခြိမ်းခြောက်နိုင်တော့မည် ဖြစ်သည်။
Back to Top