ဒီမိုကရေစီ အောင်ပွဲလား ..... ကြေမွတိုင်းပြည် ဖြစ်သွားနိုင်လား - BBC News မြန်မာ

မြန်မာနိုင်ငံထဲက ပြည်တွင်းစစ် ဆက်လက်ကျယ်ပြန့်ပြီး ပြင်းထန်နေပါတယ်။ မန္တလေးမြို့ပေါ် အထိ စစ်ရေး ဆောင်ရွက်ချက်တွေ ရှိလာသလို၊ ရခိုင်မှာ ဆိုရင်လည်း မြို့တော် စစ်တွေနားအထိ စစ်ပွဲရောက်လာပါတယ်။ စစ်တပ်ဘက်ကလည်း ရှမ်းမြောက်ဒေသ၊ ကရင်နီနဲ့ မန္တလေး စစ်ကိုင်းထဲက နေရာတွေမှာ လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်ပါတယ်။ ညီနောင် မဟာမိတ် ၃ ဖွဲ့ကိုလည်း အကြမ်းဖက် အဖွဲ့တွေ အဖြစ် ပြန်လည် သတ်မှတ် ကြေညာပါတယ်။ ဒီတစ်ပတ်မှာတော့ မြန်မာစစ်တပ်ရဲ့ လက်ရှိ အနေအထား အပေါ် သုံးသပ်ရင်းမှာပဲ၊ မြန်မာစစ်တပ်ကို စစ်ရေးနည်းနာသုံးပြီး ဖယ်ရှားနိုင်ပြီ ဆိုရင် ဖြစ်လာနိုင်တဲ့ အခြေအနေတွေ အကြောင်း ဆွေးနွေးသွားဖို့ ရှိပါတယ်။ - တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ရေးအရ အောင်မြင်မှု တစ်နည်းအားဖြင့် မြန်မာစစ်တပ်ရဲ့ စစ်ရေး ရှုံးနိမ့်မှုတွေဟာ ဒီမိုကရေစီ ထွန်းကားရေးနဲ့ ညီမျှခြင်းချနိုင်လား .... - ဒါမှမဟုတ် အတိုက်အခံတွေ ရည်ညွှန်းပြောကြသလို တည်ငြိမ်မှုကို နိုင်ငံ လွှမ်းခြုံ ထိခိုက် ပျက်ပြားစေရုံမက၊ ဒေသတွင်းကိုပါ ရိုက်ခတ်နေတာရဲ့ အဓိက လက်သည် စစ်တပ်ကိုသာ ဖယ်နိုင်ရင် အနာဂတ် နိုင်ငံ အတွက် ပေါင်းစည်း ညီညွတ်မှု၊ ညှိနှိုင်းမှုတွေဟာ အနှစ်သာရ ရှိရှိ ဖြစ်လာနိုင်လား .... - စစ်တပ်လွန်ကာလ တိုင်းပြည်ကို အစိတ်စိတ်အပိုင်းပိုင်း ဖြစ် မသွားစေပဲ တော်လှန်ရေး အင်အားစုတွေဟာ ဦးဆောင်မှုကဏ္ဍမှာ တာဝန်ယူဖို့ တစည်းတလုံးတည်းနဲ့ အသင့်ဖြစ်နေကြလား .... စတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားဖို့ ရှိပါတယ်။ ဒီတစ်ပတ် ပါဝင်ဆွေးနွေး ထားကြသူတွေ
Back to Top