လားရှိုးမြို.လယ်ခေါင်ကို ကိုးကန့်တပ်များစီးနင်း

ရှမ်းပြည်နယ်လားရှိုးမြို့ရှိ အရှေ.မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ထားသော MNDAA ကိုးကန့်တပ်နှင့် မဟာမိတ်တပ်များသည် လားရှိုးမြို့၏ အဓိကမြို့လယ်ခေါင်ဖြစ်သော နေရာများအား ဝင်ရောက်စိုးမိုးထားသည်။ လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးရှေ့ တည့်တည့်တွင် တည်ရှိသော စစ်တပ်ပိုင် အင်းဝဘဏ်ရှေ့တွင် စစ်ကောင်စီတပ်သားတစ်ဦး သွေးအိုင်ထဲ၌ သေဆုံးနေပြီး ကိုးကန့်တပ်သားများက ထိုနေရာတွင် လှုပ်ရှားသွားလာနေသည်။ အခင်းဖြစ်ရာနေရာသည် လားရှိုးမြို့လယ်ခေါင်တွင်တည်ရှိသော လားရှိုးရဲစခန်း၊ မီးသတ်ဌာနနှင့် အစိုးရရုံးများတည်ရှိသော နေရာဖြစ်သည်။ စစ်ကောင်စီက လားရှိုးရှိ စစ်စခန်းများမှ ဆုတ်ခွာထားကြောင်း ပြည်တွင်း သတင်းဌာနများကို ယမန်နေ့ကသတင်းထုတ်ပြန်ထားသည်။
Back to Top