ကြိုက်တဲ့သီချင်းလာခဲ့ ကျွန်တော်အကုန်ဆိုနိုင်တယ်ဆိုတဲ့ ခြိမ့်ကေကို

ကြိုက်တဲ့သီချင်းလာခဲ့ ကျွန်တော်အကုန်ဆိုနိုင်တယ်ဆိုတဲ့ ခြိမ့်ကေကို -------- အကုန်သိ အနုပညာ --------- “ အလွတ်ကြီးဆိုရတာ တကယ်ခက်ပါတယ်။ မိုက်နဲ့ ဆိုရတာကျတော့ ဘယ်သီချင်းဆိုဆို ဆိုနိုင်ပါတယ်။ ကြိုက်တဲ့သီချင်းလာခဲ့ ကျွန်တော် အကုန်ဆိုနိုင်ပါတယ်။ Rap တွေ ဆိုမလား၊ Rock တွေဆိုမလား ကျွန်တော် အကုန်ဆိုလို့ ရတယ် “ - ခြိမ့်ကေကို “ မမရေ ချစ်လို့  “ MTV အတွက် ဆူးလေအပါအ၀င် နေရာတော်တော်များများမှာ ရိုက်ကူးရေးလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ခြိမ့်ကေကိုက အသေးစိတ်ပြောပြပါတယ်။ MTV ထွက်လာရင်လည်း အားပေးကြဖို့ ပရိသတ်ကို အသိပေးလိုက်ပါတယ်။ မမရေချစ်လို့ ၊ ညီမလေး စတဲ့သီချင်းတွေအပြင် လူပျိုကြီးဆိုတဲ့ သီချင်းကိုလည်း မကြာခင်ဆိုသွားဖို့ စီစဉ်နေတယ်လို့ လည်း ဆိုပါတယ်။ ရိုက်ကူးမေးမြန်း - နွယ်ဏီ ၊ သိမ့်အေးချမ်း ၊ တည်းဖြတ် - သားကို
Back to Top