ဘားအံအကျဉ်းထောင် ဖောက်ပြေးမှုနဲ့ ပတ်သက်ပြီး ထောင်မှူးနဲ့ ထောင်ပိုင်တို့ကို ပြောင်းရွှေ့မိန့်ချမှတ်
ဘားအံအကျဉ်းထောင် ဖောက်ပြေးမှုနဲ့ ပတ်သက်ပြီး ထောင်မှူးနဲ့ ထောင်ပိုင်တို့ကို ပြောင်းရွှေ့မိန့်ချမှတ်
------- အကုန်သိသတင်းဌာန -------
ကရင်ပြည်နယ် ဘားအံအကျဉ်းထောင် ဖောက်ပြေးမှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အကျဉ်းဦးစီးဌာနဒုညွန်ကြားရေးမှုးနှင့်အဖွဲ့ဟာ စက်တင်ဘာလ ၁၇ ရက်က ရောက်လာကာ ထောင်အုပ်ချုပ်မှုလုပ်ငန်းကို ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ လက်ရှိထောင်မှူးနဲ့ ထောင်ပိုင်တို့ကိုတော့ ဌာနတွင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး နေရာပြောင်းရွှေ့မိန့်ဖြင့် အကျဉ်းဦးစီးဌာန (ဗဟို) နှင့် အကျဉ်းဦးစီးသင်တန်းကျောင်းတို့မှာ တွဲဖက်တာဝန်ချထားလိုက်ပါတယ်။
ရိုက်ကူး - စောဘောသိုလ်၊ တည်းဖြတ် - သူရိန်