ကျန်တဲ့သူတွေပါ ဘရိတ်အုပ်လိုက်သလို ဖြစ်သွားတယ် - ဦးကျော်ဇေယျ
ကျန်တဲ့သူတွေကိုပါ ဘရိတ်ဖမ်းအုပ်လိုက်သလို ဖြစ်သွားတာပေါ့ - ဦးကျော်ဇေယျ
------- အကုန်သိသတင်းဌာန --------
လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နဲ့ ဦးကျော်ဇေယျတို့ ကို NLD ပါတီတာဝန်များမှ ရပ်ဆိုင်းတယ်လို့ စက်တင်ဘာ ၁ ရက်မှာ တရားဝင်ကြေညာလိုက်ပါတယ်။ ဒီလို ကြေညာခံရခြင်းနဲ့ ပတ်သက်ပြီး ဦးကျော်ဇေယျက အကုန်သိသတင်းဌာနကို အခုလိုမျိုး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
“ နံရံကို ခေါင်းနဲ့ ဆောင့်သလို ဖြစ်နေမယ်လေ။ အန်ကယ်နဲ့ ဒေါ်သက်သက်ခိုင်ကိစ္စမှာ ပွင့်လင်းမှုတော့ ရှိသင့်တာပေါ့။ တစ်ချို့ ကိုယ်စားလှယ်တွေက သိပ်ပြီးတော့ မပြောရဲဘူး။ ပြောရဲရင် ပါတီကနေ အထုတ်ခံရမလားဆိုတာ စိုးရိမ်ကြတာပေါ့။ အခုတော့ ဘရိတ်အုပ်လိုက်သလို ဖြစ်သွားတာပေါ့ “
ရိုက်ကူးမေးမြန်း - ချမ်းငြိမ်း၊ ထက်ဝေလင်း ၊ တည်းဖြတ် - သီဟ
#ဦးကျော်ဇေယျ #ဒေါ်သက်သက်ခိုင် #NLDပါတီတာဝန်မှဖယ်ရှားခံရ