ကွီးဖြိုးက ဒီလိုပဲ သူပြောချင်ရင် ကောက်ပြောတယ်။ နက်နက်နဲနဲ မစဉ်းစားဘူး
----— Talk Show —----
“ ၃ လအတွင်းမှာ စင်္ကာပူလို မစီးရဘူးဆိုရင် ကျွန်တော် ရာထူးက နုတ်ထွက်ပေးပါ့မယ်။ ဘာတို့။ ဒါပေမယ့် ကွီးဖြိုးက သူပြောချင်ရင် ကောက်ပြီးတော့ ပြောလိုက်တာဆိုတော့ ကျွန်မစိတ်ထဲမှာ သိပ်ပြီးတော့ မခံစားရဘူး။ ရန်ကုန်တိုင်းအစိုးရအဖွဲ့က YBS ကို အောင်မြင်နေပြီ၊ ပြုပြင်ပြောင်းလဲမှု အကြီးကြီးလုပ်လိုက်နိုင်ပြီလို့ပဲ ထင်နေတာ။ ဒါပေမယ့် ပြည်သူလူထုရဲ့ ဘတ်ဂျက်တွေ သုံးလိုက်သလောက် ထင်ရှားတဲ့ အကျိုးရလဒ်တွေ မရသေးဘူး “
YBS စတင်ခဲ့တာ ၂ နှစ်ပြည့်ခါနီးပြီ ဖြစ်သော်လည်း ပြည်သူလူထု ရသင့်ရထိုက်တဲ့ ၀န်ဆောင်မှု ကောင်းကောင်းမရသေးကြောင်း ဥပဒေပညာရှင် ဒေါက်တာ ညိုညိုသင်းက အကုန်သိသတင်းဌာနရဲ့ Talk Show အစီအစဉ်မှာ အခုလို ပြောကြားထားပါတယ်။
ရိုက်ကူးမေးမြန်းတည်းဖြတ် - ကျော်မျိုးမင်း ၊ ဆလိုင်းကျော်မိုး၊ ပြည့်စုံ
#ကွီဖြိုး #ရန်ကုန်ဝန်ကြီးချုပ် #YBS