ဆင်ဖြူဈေးကော်မတီရုံးဆောက်နေတာကို တရုတ်က လက်နက်ကိုင်တပ်ဖွဲ့တွေခေါ်ပြီး တားမြစ်
တရုတ်က တင့်ကား ၃ စီးနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေခေါ်လာပြီး ဆင်ဖြူဈေးကော်မတီရုံးဆောက်လုပ်ခြင်းကို တားမြစ်
-------- အကုန်သိသတင်းဌာန --------
မြန်မာ့ပိုင်နက် ရှမ်းပြည်နယ်မြောက်ပိုင်း မှုဆယ်မြို့အနီး မြန်မာ-တရုတ်နယ်စပ်မှာ ဆောက်လုပ်နေတဲ့ ဆင်ဖြူဈေးကော်မတီရုံး မြေနေရာဟာ တရုတ်ဘက်ခြမ်းမှာ ပါနေတယ်ဆိုပြီး လက်နက်အပြည့်အစုံကိုင်ဆောင်ထားတဲ့ တရုတ်တပ်ဖွဲ့ဟာ နယ်စပ်ခြံစည်းရိုးကိုကျော်ပြီး ဒီနေ့မနက် ၈ နာရီ ၀န်းကျင်က လာရောက်တားမြစ်ကန့်ကွက်သွားခဲ့ပါတယ်။
တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - သူရိန်