မေတ္တာတရားအပြည့်ပါတဲ့ ပန်းစည်းလေးတွေဟာ လက်ခံရရှိသူအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အရာပါ
------ Business Talk ------
လူတစ်ဦးနဲ့တစ်ဦး မွေးဖွားလာသည်မှ သေဆုံးသွားသည်အထိ ပန်းလေးတွေနဲ့ အဓိပ္ပါယ်ဖော်ဆောင်ပြီး လက်ဆောင်အဖြစ် ပေးကြတာဟာ မြန်မာနိုင်ငံမှာလည်း အခုနောက်ပိုင်း ခေတ်စားလာခဲ့ပါပြီ။ ဒီလို မေတ္တာတရားအပြည့်အဝပါတဲ့ ပန်းစည်းလေးတွေကလည်း လက်ခံရရှိသူအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုကို ရလိုက်သလို တစ်သက်မမေ့နိုင်စရာပါ ဖြစ်သွားတတ်ပါတယ် 🌷
💐ဘယ်လိုပန်းမျိုးမဆို သူ့နေရာနဲ့သူ အဓိပ္ပါယ်ရှိရှိ သုံးတတ်ရင် ဖန်းတီးခွင့်ရတဲ့သူတွေအတွက် ဂုဏ်ယူပီတိဖြစ်ရပါတယ်လို့ ပန်းဘဲတန်းမြို့နယ် ၂၈ လမ်းမှာ “ပန်းဝါနွယ်“ ဆိုတဲ့ Floral service ဆိုင် ဖွင့်လှစ်ထားတဲ့ မခင်ဝင်းမေက ပြောပါတယ်။ ဒီဆိုင်လေးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက ၀ါသနာအရင်းခံဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၀ါကျွတ်မှာ မင်္ဂလာဆောင်မယ့် ဇနီးမောင်နှံတွေအတွက် အထူး Service , Discount တွေ စီစဉ်ထားသလို အမြဲတမ်းအားပေးနေတဲ့ Customer အတွက် ဘယ်လို ၀န်ဆောင်မှုတွေ ရှိနေလဲဆိုတာတွေကို အကုန်သိသတင်းဌာနမှ အခုလို တွေ့ ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။