ရွိုင်ရယ်တည်းခိုခန်းလူသတ်မှုမှ ကျုးလွန်သူအမျိုးသမီးရဲ့ ရင်နင့်ဖွယ် ရင်ဖွင့်စကား

ရွိုင်ရယ်တည်းခိုခန်းလူသတ်မှုမှ ကျုးလွန်သူအမျိုးသမီးရဲ့ ရင်နင့်ဖွယ် ရင်ဖွင့်စကား ------- အကုန်သိသတင်းဌာန -------- ရွိုင်ရယ်တည်းခိုခန်းမှာ အမျိုးသားတစ်ဦး အသတ်ခံရပြီးနောက် ကျုးလွန်သူအမျိုးသမီးကို စက်တင်ဘာ ၂၁ ရက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ကျုးလွန်ခဲ့သူအမျိုးသမီးဟာ သေဆုံးသူ အိမ်ထောင်သည်အမျိုးသားရဲ့ လိမ်လည်လှည့်ဖြားပေါင်းသင်းခြင်းကို ခံခဲ့ရသလို ရောင်းစားခံရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေအတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ ကို သွားတိုင်တာတောင် အရေးလုပ်မခံရသလို ကူညီပေးရမယ့်သူ ဘယ်သူကမှ ကူညီပေးနိုင်မှု မရှိခဲ့ပါဘူး။ ဒါကြောင့် အသတ်ခံရသူအမျိုးသားကို နာကျဉ်းစိတ်နဲ့ သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ရင်ဖွင့်လာပါတယ်။ သူမ တွေ့ ကြုံခံစားခဲ့ရတာတွေကို နားဆင်ကြည့်ရင် ရင်နင့်ဖွယ်ရာ အခြေအနေကို ကြားသိနိုင်မှာပါ။ Vedio - Bo Sein ၊ တည်းဖြတ် - အကုန်သိ
Back to Top