အောင်သပြေလှုပ်ရှားမှုတွင် ပါဝင်ကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

အောင်သပြေလှုပ်ရှားမှုတွင် ပါဝင်ကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း -------- မနက်ဖြန် နိုဝင်ဘာ ၁၁(၁၁လပိုင်း၊ ၁၁ရက်)တွင် ကျရောက်မည့် ‘၁၁၁၁) လှုပ်ရှားမှုအဖြစ် အောင်သပြေပန်းများကို ပုံစံမျိုးစုံအသုံးပြုပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းလိုက်သည်။ အောင်သပြေပန်းများကို ပန်ဆင်ခြင်း၊ နေအိမ်တွင် ချိတ်ဆွဲခြင်း၊ ဘုရားကပ်လှူခြင်း၊ သပြေပန်းများ ကိုင်ဆောင်ကာ သပိတ်လှုပ်ရှားမှုများ ပြုလုပ်ခြင်း စသည့် နည်းလမ်းတစ်ခုခုဖြင့် ပါဝင်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားခြင်း ဖြစ်သည်။ အလားတူ လှုပ်ရှားမှုမျိုးကို ယခုနှစ် ဇွန် ၁၉ တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်ပြည့် မွေးနေ့တွင် ‘ပန်းသပိတ်’ အဖြစ် နိုင်ငံအနှံ့ ပြုလုပ်ခဲ့ဖူးသည်။ ထိုအခြေအနေတွင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရဲနှင့်စစ်သားများက ပန်းကိုင်ဆောင်ထားသည့် ပြည်သူများကို ခြိမ်းခြောက်၊ ဖမ်းဆီးမှုများ ရှိခဲ့သည်။ မနက်ဖြန် ဆင်နွှဲမည့် ‘အောင်သပြေလှုပ်ရှားမှု’ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုတေဇာစန်း ကို ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း - ဟန်သစ် လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင်  နှိပ်၍ လှူဒါန်းနိုင်ပါသည်။
Back to Top