အချိန်တိုအတွင်း စခန်းရာချီသိမ်းပိုက်နိုင်ခဲ့တဲ့ “၁၀၂၇“ စစ်ဆင်ရေး

အချိန်တိုအတွင်း စခန်းရာချီသိမ်းပိုက်နိုင်ခဲ့တဲ့ “၁၀၂၇“ စစ်ဆင်ရေး ************** ယမင်းဖူးပွင့်အောင် နိုဝင်ဘာ ၁၀၊ ၂၀၂၃။ “၁၀၂၇“ စစ်ဆင်ရေး ၂ ပတ်တာကာလအတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့ပူးပေါင်းပြီး ရှမ်းပြည်နယ်မြောက် ပိုင်းဒေသက စစ်ကောင်စီစခန်း ၁၅၀ ထက်မနည်း သိမ်းပိုက်ရရှိခဲ့တယ်။ သိမ်းပိုက်နိုင်ခဲ့တဲ့စခန်းတွေထဲမှာ စစ်ကောင်စီဗျူဟာစိုက်ရာ စခန်းကုန်းတွေ၊ ဆက်သွယ်ရေးအချက်အချာကျတဲ့ နေရာတွေနဲ့ လုံခြုံရေးစခန်းတွေပါဝင်ပြီး သံချပ်ကားယာဉ် ၇ စီးအပြင် လက်နက်ကြီးတွေလည်း သိမ်းဆည်းရရှိခဲ့ ပါတယ်။ စစ်ကောင်စီရဲ့သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ သိမ်းပိုက်ခံလိုက်ရတာက စစ်ဆင်ရေးစခန်းတွေမဟုတ်ဘဲ လုံခြုံရေးစခန်းငယ်တွေသာဖြစ်တယ်လို့ ငြင်းဆိုချက်ထုတ်ပြန်ထားပါတယ်။
Back to Top