“ဒေါ်အောင်ဆန်းစုကြည်က အရေးပါနေဆဲပဲ“ - BBC News မြန်မာ

“အရေးပေါ်ကာလကို ကြာကြာယူလေ ကာကွယ်ရေးဦးစီးချုပ်ကို မုန်းလေ ဖြစ်မှာပေ့ါ။ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ပါ ဘယ်လိုပဲ​ပြဋ္ဌာန်းထားထား အနိမ့်ဆုံးနဲ့ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ပေးနိုင်တဲ့ ကာကွယ်ရေးဦးစီးချုပ်တစ်ဦး ဖြစ်အောင် သူ့ဘက်က ကြိုးစားရတော့မယ်လေ“ ဒေါက်တာအေးမောင်(ဥက္ကဋ္ဌ၊ ရခိုင့်ဦးဆောင်ပါတီ) ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်မှာတော့ စစ်ကောင်စီက အရေးပေါ်ကာလ ၆ လ ထပ်တိုးထားတာ သက်တမ်းပြည့်ပြီဖြစ်ပါတယ်။ ဒီလကုန်မှာ နောက်ထပ် သက်တမ်းထပ်တိုးမတိုး ဘယ်လိုစဥ်းစားချက်ရှိနိုင်လဲ။ စစ်ကောင်စီက ကျင်းပမယ်လို့ပြောထားတဲ့ ရွေးကောက်ပွဲဆိုတာနဲ့ပတ်သက်လို့ ပါတီမှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီတစ်ရပ်ခေါင်းဆောင်အနေနဲ့ ဒီလမ်းကြောင်းကို ဘယ်လိုနားလည်လက်ခံထားပါသလဲ။ NLD နဲ့ SNLD လိုပါတီကြီးတွေ ဖျက်သိမ်းခံထားရပြီး အားလုံးပါဝင်နိုင်မှုမရှိတဲ့ ရွေးကောက်ပွဲဆိုတဲ့အခင်းအကျင်းလို့ ဝေဖန်ပြောဆိုမှုတွေအပေါ်မှာ သူ့ရဲ့သဘောထား၊ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီရဲ့သဘောထားနဲ့ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍ စတာတွေနဲ့ပတ်သက်လို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ ဘီဘီစီက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #စစ်အာဏာသိမ်း #ဒေါက်တာအေးမောင် #ပြည်တွင်းစစ် #ရွေးကောက်ပွဲ #မြန်မာ
Back to Top