KNU ဥက္ကဋ္ဌဟောင်းနဲ့ စစ်ခေါင်းဆောင်တွေ့ဆုံမှု KNU ဘာပြောလဲ - BBC News မြန်မာ

KNU ဥက္ကဋ္ဌဟောင်း မူတူးစေဖိုးနဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ဟာ မနေ့ စက်တင်ဘာ ၃၀ ရက်မှာ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ကြိုတင်သိရှိထားတာမရှိဘူးလို့ KNU ဒုဥက္ကဋ္ဌ ပဒိုစောတာဒိုမှူးက ဘီဘီစီကိုပြောပါတယ်။ အဲဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ KNU ဗဟိုက ဘယ်လိုသဘောထားရှိပါသလဲ၊ KNU က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး PDF ဟာ အကြမ်းဖက်အဖွဲ့တွေ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်ရဲ့ပြောကြားချက်၊ ခုလို တွေ့ဆုံမှုက KNU က လက်ရှိသွားနေတဲ့ စစ်ခေါင်းဆောင်လက်ထက် NCA စာချုပ်ကို အကောင်အထည်ဖော်မှုတွေကို လိုက်ပါဆောင်ရွက်မှာမဟုတ်တော့တဲ့ မူဝါဒချမှတ်မှုတွေပေါ်မှာ အဖွဲ့တွင်း သက်ရောက်မှုရှိလာနိုင်ပါသလား။KNUဒုဥက္ကဋ္ဌ ပဒိုစောတာဒိုမှူး ပြောကြားချက်ရုပ်သံမှာနားဆင်ပါ။#ဘီဘီစီမြန်မာပိုင်း #KNU #စစ်ကောင်စီ
Back to Top