ရုရှားရဲ့ ဇာကွန်ဒုံးကျည်သစ်က ယူကရိန်းစစ်ပွဲအပါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလာမလဲ

#STD_Knowledge​ ◾ ရုရှားရဲ့ ဇာကွန်ဒုံးကျည်သစ်က ယူကရိန်းစစ်ပွဲအပါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလာမလဲ ရုရှားဟာ ဒီလအစောပိုင်းမှာ ယူကရိန်းကို ဇာကွန်ဟိုက်ပါဆောနစ်ဒုံးကျည် (Zircon Hypersonic Missile ) နဲ့ ပစ်ခတ်ခဲ့ပြီး စစ်ပွဲကာလနှစ်နှစ်အတွင်း အသံထက်မြန်တဲ့လက်နက်သစ်ကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ပုံရတယ်လို့ ကိဗ်ကဆိုပါတယ်။ ဒါပေမယ့် ဇာကွန်ဒုံးကျည်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ ခွဲခြမ်းစိတ်ဖြာလေ့လာနေဆဲဖြစ်ပြီး အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ရုရှားရဲ့စစ်ပွဲမှာ ဇာကွန်ဒုံးကျည်တွေအသုံးပြုလာတာက ယူကရိန်းရဲ့လေကြောင်းရန်ကာကွယ်ရေးကွန်ရက်အတွက် သိသာထင်ရှားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လို့ ယူကေအစိုးရက ပြီးခဲ့တဲ့ဗု ဒ္ဓဟူးနေ့မှာပြောကြားခဲ့ပါတယ်။ ဒါကြောင့် ရုရှားက ပထမဆုံးအကြိမ် ထုတ်သုံးလာတဲ့ဒုံးကျည်သစ်က ယူကရိန်းစစ်ပွဲအပေါ် ဘယ်လောက်ထိသက်ရောက်မှုရှိလာနိုင်မလဲဆိုတာ ဒီတစ်ပတ်စံတော်ချိန်ရဲ့သုတရေးရာအဖြာဖြာအစီအစဉ်မှာ သုံးသပ်တင်ဆက်ပေးထားပါတယ်။ #thestandardtimetv​ #စံတော်ချိန်သတင်းဌာန​ #သုတရေးရာအဖြာဖြာ​ Facebook Page - Telegram - Viber -
Back to Top