မတည်ငြိမ်ဘဲ ဘယ်လိုအုပ်ချုပ်ရေး ထူထောင်မှာလဲ

မတည်ငြိမ်ဘဲ ဘယ်လိုအုပ်ချုပ်ရေး ထူထောင်မှာလဲ CNI Interview ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ TNLA-AA-MNDAA တို့သည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းမြောက်ရှိ မြို့များကို သိမ်းပိုက်ရရှိခဲ့သည်။ ထို့နောက် ရခိုင်တပ် AA၊ ကိုးကန့်တပ် MNDAA နှင့် တအာင်းတပ် TNLA တို့က ၎င်းတို့ သိမ်းပိုက်ရရှိထားသော မြို့များကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးများ စတင်လည်ပတ်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်မှုများလည်း ရှိနေသည်။ တရုတ်၏ ကြားဝင်စေ့စပ်မှုအရ ရှမ်းမြောက်တွင် မြန်မာ့တပ်မတော်နှင့် MNDAA၊ TNLA တို့မှာ အပစ်ရပ်ခဲ့သော် လည်း တည်ငြိမ်သည့် အနေအထားတွင် မရှိသေးကြောင်း သုံးသပ်မှုများ ရှိနေသည်။ အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ရခိုင့်ဦးဆောင်ပါတီ - AFP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို CNI သတင်း ဌာနက ဆက်သွယ် မေးမြန်းထားပါသည်။ Website တွင်ကြည့်ရှုရန် - - - #ဒေါက်တာအေးမောင် #အုပ်ချုပ်ရေး #အင်တာဗျူး #CNIinterview #cnimyanmar CNI Facebook Link-------- CNI Telegram Channel----- CNI Twitter Link-----
Back to Top