၁၀၂၇ ခေါင်းစဥ်နဲ့ ကွမ်းလုံက ဒေသခံ ၅၀.ကျော်ကို MNDAA သ-တ်ဖြ-တ်

၁၀၂၇ စစ်ဆင်ရေးလို့အမည်တပ်ထားတဲ့ စစ်ရေးလှုပ်ရှားမှုတစ်ခုအတွင်း ကွမ်လုံမြို့က အပစ်မဲ့ပြည်သူ ၅၀ ဦးထက်မနည်းကို ကိုးကန့်သောင်းကျန်းသူ (MNDAA)က ဒလန်ရှင်းလင်းရေးဆိုတဲ့ ခေါင်းစဥ်နဲ့ဖမ်းဆီး သတ်ဖြတ်ခဲ့ကြတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကွမ်လုံနဲ့အနီးတဝိုက်မြို့တွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေဖမ်းဆီးခံရပြီး MMDAA ရဲ့ စစ်သားစုဆောင်းရေးနဲ့ စစ်ရေးလေ့ကျင့်ကွင်းကို ရောက်သွားတဲ့သူတွေရှိသလို ဒေသခံမဟုတ်တဲ့ နေရပ်ပြန်ပြည်သူ ထောင်နဲ့ချီဖမ်းဆီးခံထားရလို့ သူတို့ရဲ့မိသားစုတွေကတော့ ဒီကနေ့အထိ အဆက်အသွယ်လို့မရ ဖြစ်နေပါတယ်။ #pan_broadcasting
Back to Top