စုဖွဲ့မှုအသစ်နဲ့ ရှေ့ဆက်မယ့် NCA ၇ ဖွဲ့ စုံညီစည်းဝေး - ဗိုလ်မှူးကြီး စောကျော်ညွန့် နဲ့ မေးမြန်းခန်း

စုဖွဲ့မှု အသစ် နဲ့ ရှေ့ဆက်မယ့် NCA ၇ ဖွဲ့ စုံညီအစည်းအဝေး - ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့် နဲ့ မေးမြန်းခန်း --------------------------- ‘’စုဖွဲ့မှုအသစ်ဆိုတာ PPST ဆိုတာ မဟုတ်တော့ ဘဲနဲ့... စုဖွဲ့မှု အသစ်... နာမည် ကလည်း အသစ်...’’ ‘’ကနေ့ သွားမယ့် စုဖွဲ့မှု အသစ်က... ပကတိ နိုင်ငံရေး အခင်းအကျင်း... နဲ့... လိုက်လျော ညီထွေမယ့်... စုဖွဲ့မှုမျိုး...’’ ‘’ကျွန်တော်တို့ ပြောနေတာ... ဒေသ တခု ငြိမ်းချမ်းရေး မဟုတ်ဘူး... ပြည်ထောင်စု ငြိမ်းချမ်းရေး ဖြစ်တယ်...’’ ‘’SAC နဲ့ တွေ့နေ တာဟာ NCA လမ်းကြောင်း အတိုင်း သွားနေတယ်လို့ နားမလည်ပါဘူး...’’ ‘’လက်ရှိ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အတွက်... သက်ဆိုင်သူ အားလုံးပါတဲ့ အခင်းအကျင်း... ဘယ်လို အစပြုမျိုးနဲ့ လုပ်ဆောင်နိုင် မလဲ....’’ ဗိုလ်မှူးကြီး စောကျော်ညွန့် ( NCA ၇ ဖွဲ့ ပြောခွင့်ရ) ------------------------------ NCA ၇ ဖွဲ့က စစ်ကောင်စီနဲ့ စကားပြောတဲ့ နေရာမှာ NCA ကိစ္စ NCA လမ်းကြောင်း အတိုင်း သွားနေတာလား....ဆိုတာ အခုအင်တာဗျူးမှာ ဗိုလ်မှူးကြီး စောကျော်ညွန့် က ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်။ --------------------- တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း (၇)ဖွဲ့ ရဲ့ မျက်နှာစုံညီ အစည်းအဝေး (7 NCA-S EAO Summit) ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မတ်လ ၁၇ ရက်နေ့က စတင်နေပြီ ဖြစ်ပါတယ်။ ဒီအခမ်းအနား ဖွင့်ပွဲကို KNU ဥက္ကဌ ဟောင်း စောမူတူးစေးဖိုးလည်း တက်ရောက် ကြောင်း သိရပါတယ်။ တိုင်းပြည်အကျပ်အတည်း ကြီးမားနေချိန် ဒိုင်ယာလော့ လမ်းပိတ်နေချိန် စစ်ပွဲတွေ အရှိန်မြင့်နေချိန်... အခုလို အချိန်မှာကျင်းပတဲ့ စုံညီအစည်းအဝေးက ဘာအတွက်လဲ... ဘာတွေ သဘေ&
Back to Top