မတ် ၁၃ ရက်မနက်ပိုင်းသတင်းအစီအစဉ်

မတ် ၁၃ ရက်မနက်ပိုင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု) 1. ဖားကန့်တွင် ကျောက်စိမ်းတူးနေစဉ် နွံကန်ပြိုကျပြီး လူ ၃၀ ကျော်နှင့် ဘက်ဖိုးယာဉ်များ ပျောက်ဆုံးနေပြီး လတ်တလောတွင် အလောင်းနှစ်လောင်းတွေ့ရှိ 2. Money Changer များကို ကွင်းဆင်းစစ်ဆေးနေပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို မလိုက်နာဟုဆိုကာ ကောင်တာလေးခုကို လုပ်ငန်းလိုင်စင်သုံးလရပ်ဆိုင်း 3. သတင်းအမှားအမျိုးမျိုးကြောင့် ပြင်ပရွှေဈေးကွက်ရောင်းဝယ်သူများမှ ရွှေဈေးကို ဆွဲတင်ဆွဲချနေပြီး သက်ဆိုင်ရာက အရေးယူမည်ဟု ရန်ကုန်ရွှေအသင်းထုတ်ပြန် 4. ခရီးစဉ်အလယ်တွင် လေယာဉ်မှူးနှစ်ဦးစလုံး အိပ်ပျော်သွားမှုကြောင့် အင်ဒိုနီးရှားလေကြောင်းလိုင်း Batik Air စစ်ဆေးခံနေရ 5. ဝန်ကြီးချုပ်သစ် ရှာဘတ်ရှရစ်ဖ်၏ အဖွဲ့ဝင် ၁၉ ဦးပါဝင်သော ပါကစ္စတန်အစိုးရသစ် ကျမ်းသစ္စာကျိန်ဆို 6. ဆယ်ကျော်သက်တောင်ပံကစားသမား ယမားလ်အတွက် ယူရိုသန်း(၂၀၀)ဖြင့် ကမ်းလှမ်းမှုကို ဘာစီလိုနာအသင်း ငြင်းပယ်
Back to Top