ရှမ်းပြည်နယ်ဘက်မှာစစ်ကောင်စီတပ် အသေအပျောက်များစွာနဲ့ အရေးနိမ့်နေ👇👇👇ဝင်ဖတ်ကြည့်ကြပါ အမြင်းလေးတွေလဲရေး

စစ်ကောင်စီတပ်ဘက်မှ သံချပ်ကာနှင့်တင့်ကား ၆ စီးသိမ်းပိုက်ရရှိပြီး လတ်တလော တင့်ကား ၁ စီးမှာ အကောင်းအတိုင်းရှိနေဟု MNDAA ပြော ရန်ကုန်၊ အောက်တိုဘာ ၃၁ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်၊ စစ်ကောင်စီတပ်ဘက်မှ သံချပ်ကာနှင့်တင့်ကား ၆ စီးကို သိမ်းပိုက်ရရှိထားပြီး လတ်တလော တင့်ကား ၁ စီးမှာ အကောင်းအတိုင်းရှိနေကြောင်း MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျာဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ “ဒီနေ့ မုံးကိုးဖောင်းဆိုင်ဘက်မှာ မြေပြင်ရှင်းလင်းလုပ်တဲ့အချိန်မှာ နောက်ထပ် ၁ စီးထပ်ရတယ်။ အားလုံး ၆ စီးရှိပြီ။ အရင်က ရတဲ့ ၅ စီးမှာ ၄ စီးက ပျက်စီးသွားပြီး ၁ စီးက အကောင်းအတိုင်းရတယ်။ ဒီနေ့ ရတဲ့ ၁ စီးက အကောင်းအတိုင်းဆိုရင်တော့ အကောင်း ၂ စီးရမှာပေါ့။ ဒီနေ့ ရတဲ့ ၁ စီးက မကောင်းဘူးဆိုရင် အကောင်းအတိုင်းရတာ ၁ စီးပဲရှိမှာပေါ့“ ဟု MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျာဝင်က ပြောဆိုသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့ စစ်အာဏာရှင် ဖြုတ်ချရေး ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှစ၍ ယနေ့အထိ စစ်ကောင်စီတပ်စခန်း ၁၀၀ နီးပါးကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ခုက တိုက်ခိုက် ရရှိခဲ့ကြောင်း သိရှိရသည်။ကွမ်းလုံမြို့နယ်၊ ကာမိုင်းဒေသရှိ စစ်ကောင်စီ ၏ ခလရ ၁၄၃ တပ်ရင်းတစ်ရင်းလုံး လက်နက်ချအလင်းဝင်သဖြင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ ■စစ်သား ၁ ဦးလျှင် လမ်းစရိတ် ၁၅ သိန်းဖြင့် စစ်သား ၄၁ ဦးကို ငွေကျပ် သိန်း ၇၀၀ ကျော်ပေး၍ လွတ်ငြိမ်းချမ်းသာခွင့်ပေး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်၊ ကာမိုင်းဒေသရှိ စစ်ကောင်စီ ၏ ခလရ ၁Ơ
Back to Top