နေပြည်တော်မှာ လက်နက်ကိုင်အကြမ်းဖက်သမား ရှုတ်ချပွဲပြုလုပ်
ဒေါ်ရွှေဇင်ဦးက လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေအပေါ် ပြောဆိုခဲ့တာပါ။
နေပြည်တော်မှာ လက်နက်ကိုင်အကြမ်းဖက်သမား ရှုတ်ချပွဲနဲ့ တပ်မတော်ထောက်ခံပွဲမှာ သူမရဲ့ သဘောထားကို အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဟုတ်ကဲ့ပါ ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ မနက် ၉ နာရီက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်က ဘောလုံးကွင်းမှာ အဲဒီ အကြမ်းဖက်သမားရှုတ်ချပွဲနဲ့ တပ်မတော်ထောက်ခံပွဲကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
NCA ကို ဆန့်ကျင်ပြီး စစ်ပွဲကို ခေါ်ယူခဲ့သည့် KIA/AA/TNLA/MNDAA/BPLA/အကြမ်းဖက် PDF တို့အား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများအား အားပေးထောက်ခံပွဲလို့ အမည်ပေး ဆိုင်းဘုတ်စိုက်ထူထားပါတယ်။
အဲဒီပွဲကို တပ်မတော်အားပေးထောက်ခံသူတွေ၊ အမျိုးသားရေးသမားတွေ၊ တိုင်းပြည်ကိုချစ်မြတ်နိုးသူတွေစတဲ့ နေပြည်တော်က ဒေသခံပြည်သူ နှစ်ထောင်ကျော် တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီပွဲမှာ တစ်ခြားအမျိုးသားရေးသမားတွေနဲ့အတူ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါ်ရွှေဇင်ဦးကလည်း စင်မြင့်ထက်ကိုတက်ပြီး လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေး၊ နိုင်ငံရေးအကြောင်းတွေကို အကျယ်တဝင့် ဟောပြောခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်ရွှေဇင်ဦးက အကြမ်းဖက်သမား ရှုတ်ချပွဲနဲ့ တပ်မတော်ထောက်ခံပွဲအတွက် ပေးထားတဲ့ ခေါင်းစီးရဲ့ ရည်ရွယ်ချက်အကြောင်းအရာတွေ၊ လက်ရှိဖြစ်ပျက်နေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေနဲ့ သူမရဲ့ သဘောထားအမြင်တွေကို အခုလိုပြောဆိုထားပါတယ်။
တက်ရောက်လာသူတွေဟာ အကြမ်းဖက် KIA အလိုမရှိ၊ အကြ