မာရဝိဇယဘုရားကြီး ဗုဒ္ဓဥယာဥ်တော်ဝင်ကြေးမကောက်ခံတော့ဟု နိုင်ငံတော်ဝန်ကြီးချုပ်ပြော

မာရဝိဇယဘုရားကြီး ဗုဒ္ဓဥယာဥ်တော်ဝင်ကြေးမကောက်ခံတော့ဟု နိုင်ငံတော်ဝန်ကြီးချုပ်ပြော ----------------------------------- သြဂုတ် ၃၁ နေပြည်တော်မှာတည်ထားကိုးကွယ်ပူ​ဇော်ထားရှိသည့် မာရဝိဇယ ဗုဒ္ဓရပ်ပွားတော်သို့ဝင်ရောက်ဖူးမျော်ရန် ဗုဒ္ဓဥယာဥ်တော်ဝင်ကြေးကို မကောက်ခံတော့ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်မှ ယနေ့ညပိုင်းတွင် ဘုရားဖူးပြည်သူများအား ပြောဆိုခဲ့​သည်။ နိုင်ငံတော်ဝန်ကြီးချုပ်မှ “ကျွန်တော်တို့ဝင်ကြေးမကောက်ခံတော့ပါဘူး“ ဟု ဘုရားဖူးပြည်သူများအား ရယ်မောပြောဆိုလိုက်ခြင်းဖြစ်သည်။ မာရဝိဇယဗုဒ္ဓ ဥယာဥ်တော်အတွင်းဝင်ရောက်​​ခွင့်ကို စက်တင်ဘာလ ၃ ရက်နေ့အထိအခမဲ့ ကင်းလွတ်ခွင့်ပေးထားပြီး စက်တင်ဘာလ ၃ ရက်နေ့မှစ၍ ဗုဒ္ဓ ဥယာဥ်တော်ဝင်ကြေးအဖြစ် ဘုရားဖူးပြည်သူတစ်ဦးလျှင် ငွေကျပ်တစ်ထောင်နှုန်းကောက်ခံရန်စီစဥ်ထားသည်။ သို့သော် နိုင်ငံတော်ဝန်ကြီးချုပ်မှ ယနေ့ ဝါခေါင်လပြည့် သြဂုတ်လ ၃၁ ရက်နေ့ညပိုင်း ဘုရားကြီးအားလာရောက်ဖူးမျော်စဥ် ဝင်ကြေးမကောက်ခံတော့ကြောင်း ဘုရားဖူးများအား​ပြောဆိုသွားသည်။ #PAN
Back to Top