ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာ အဆင့်လျှော့ချခြင်းခံလိုက်ရတယ်လို့ ပြည်ထောင်စုကြီးငြိမ်း ဦးအောင်မင်းပြော

NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးကိုအခြေခံပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြောင်းလဲမယ့်လမ်းကြောင်းကနေ ရွေးကောက်ပွဲရလာဒ်ကိုအခြေခံပြီး နိုင်ငံရေးပြောင်းလဲမယ့်လမ်းကြောင်းကိုပြောင်းသွားခဲ့ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာ အဆင့်လျှော့ချခြင်းခံလိုက်ရပါတယ်လို့ ပြည်ထောင်စုကြီးငြိမ်း ဦးအောင်မင်းက အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာရှိတဲ့ MICC 2 မှာပြုလုပ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားမှာပြောကြားသွားခဲ့ပါတယ်။ ဒါပြင့် ပြည်ထောင်စုဝန်ကြီးငြိမ်း ဦးဆောင်မင်းကငြိမ်းချမ်းရေးဟာ စားပွဲဝိုင်းမှာဆွေးနွေးတာက အဆုံးအဖြတ်ပဲ စားပွဲဝိုင်းကိုမလာတဲ့သူတွေကို လာအောင်ခေါ်ရမယ်။ရောက်ပြီးသားသူတွေကိုလည်းပြန်မထွက်သွားအောင်ဆွေးနွေးဖို့လိုတယ်လို့လည်း မီးဒီယာတွေနဲ့တွေ့ဆုံအင်တာဗျူးမှာပြောကြားသွားခဲ့တာပါ။ အခမ်းအနားကိုတက်ရောက်လာကြတဲ့ အနုပညာရှင်တွေနဲ့ အခမ်းအနားတက်ရောက်လာကြသူတွေကလည်း NCA နဲ့ပတ်သက်တဲ့ ပြောဆိုမှုတွေကိုလည်း ခုလို ကြားသိရမှာဖြစ်ပါတယ်။ အဲ့ဒီအခမ်းအနားကိုတော့ နိုင်ငံရေးပါတီတွေက ဥက္ကဋ္ဌတွေ ကိုယ်စားလှယ်တွေ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေ NCA လက်မှတ်ရေးထိုး ရာမှာ ပါဝင်ခဲ့ကြတဲ့ အသိသက်သေတွေ NCA ညှိနှိုင်းဆွေးနွေးစဉ်က ပါဝင်ခဲ့ကြတဲ့ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ(UPCC)နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)တို့က တာဝ
Back to Top