ဇေကမ္ဘာဦးခင်ရွှေ ဆန္ဒကြောင့် အစိုးရက လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီတော်ကို မွမ်းမံမည်
ဇေကမ္ဘာဦးခင်ရွှေ ဆန္ဒကြောင့် အစိုးရက လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီတော်ကို မွမ်းမံမည်
------- အကုန်သိသတင်းဌာန -------
ပုသိမ်မြို့မှာရှိတဲ့ လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီတော်မြတ်ကြီးဟာ ဧက ၅၀ နီးပါး ကျယ်ဝန်းတာကြောင့် ပြင်ဆင်ဖို့မတတ်နိုင်ကြဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဇေကမ္ဘာဦးခင်ရွှေရဲ့ တောင်းဆိုမှုကြောင့် တိုင်းအစိုးရဟာ မတည်ငွေ လှူဒါန်းဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ ဦးခင်ရွှေဟာ ဘုရားပေါင်းစုံ လှည့်လည်ပြုပြင်နေတဲ့ ဘုရားဒါယိကာတစ်ဦးဖြစ်ကြောင်းလည်း စည်ပင်သာယာရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ ဦးကျော်မြင့်က ပြောပါတယ်။
သတင်း - ရဲသွေးနီ(ပုသိမ်)၊ တင်ဆက် - မေနိုင်း၊ တည်းဖြတ် - သားကို