‘‘ဆီးချိုဆိုတာ ပျောက်သောရောဂါပါ’’ ဆီးချိုယောဂီ ဦးသိန်းဝင်းနှင့် အင်တာဗျူး

‘‘ဆီးချိုဆိုတာ ပျောက်သောရောဂါပါ’’ ဆီးချိုယောဂီ ဦးသိန်းဝင်းနှင့် အင်တာဗျူး ================================ ယောဂီဦးသိန်းဝင်း -၇၀နှစ်၊ မူလဆီးချို-401( RBS)၊ 200(FBS) ဆီးချိုသက်တမ်း-၇နှစ်အတွင်း အမြဲတမ်း200နှင့် 250အထိရှိခဲ့သူ။ တရားစခန်းဝင်၊ တရားတစ်ခါထိုင်ရုံဖြင့် 200သို့ကျခဲ့သူ။ ၉-ရက်မြောက်မှာ 99ပဲ ရှိတော့သူ။ ရောဂါလက္ခဏာ မပြလို့ ဒုက္ခဝေဒနာ မခံစားရပါ။ ရောဂါတစ်ခု ရှိနေမှန်းသိသော်လည်း ပျောက်ကင်းအောင်မတတ်နိုင်ခဲ့ပါ။ အစားအသောက်၊ အနေအထိုင်များ၊ ဆေးဝါးများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာခဲ့သော်လည်း တရားစခန်းအကြိုညမှာ 401mg/dlအထိ ရှိနေခဲ့သူပါ။ အခုတော့ ၉ရက်မြောက်မှာပဲ 99အထိ ကျဆင်းခဲ့သူပါ။ ဆက်လက်အားထုတ်ရင် 70နှင့် 80ကြားအထိ ကျဆင်းနိုင်သော်လည်း တရားစခန်း ပြီးဆုံးသွားသဖြင့် 102နဲ့ပဲ ကျေနပ်လိုက်ရသူပါ။ စည်းကမ်းလိုက်နာ၊ လေ့ကျင့်ခန်းအမြဲလုပ် တရားထိုင်ရာမှာလည်း စိတ်ပါသူ တစ်ဦးဖြစ်လို့ 102အထိ ကျဆင်းခြင်းပဲ ဖြစ်ပါတယ်။ ၁၀ရက် တရားစခန်းအတွင်း ကြိုးစားအားထုတ်မှုအပြည့်ရှိပါလျက်နဲ့ ဆီးချိုပြန်တက်ရခြင်း အကြောင်းကတော့ ဆွမ်းစားကျောင်းရဲ့ အမှားတစ်ခုပါပဲ။ အစားအသောက်နဲ့ ပတ်သက်ပြီး နည်းနည်းလေးမှ အတိမ်းအစောင်းမခံသည့် ရောဂါ ဖြစ်ပါတယ် ခင်ဗျား။ တရားထိုင်လို့ ဆီးချိုကျတယ်၊ လမ်းလျှောက်များလို့ ဆီးချိုကျတယ်၊ ဓာတ်စာစားလို့ ဆီးချိုကျတယ်၊ အစားအသောက် ဆင်ခြင်လို့ ဆီးချိုကျတယ်၊ ဆီးချိုဆိုတာ ပျောက်သောရောဂါလို့ လက်တွေ့ယုံကြည်ခဲ့သူ။ သူနှင့် အင်တဗျူးထားတာလေး ရှုစားကြည့်နိုင်ပါတယ်။ ဆီးချိုသမားများ စိတ်ဓာတ်ခွန်အား ရစေချင်လို့ပါ။
Back to Top