တောင်ကိုရီးယားမှာ အိမ်သာထဲ စပိုင်ကင်မရာတပ်ဆင်မှုဖြင့် မြန်မာတစ်ဦး အဖမ်းခံရ

တောင်ကိုရီးယားမှာ အိမ်သာထဲ စပိုင်ကင်မရာတပ်ဆင်မှုဖြင့် မြန်မာတစ်ဦး အဖမ်းခံရ ------ အကုန်သိ မှုခင်း ------ တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းတက်နေတဲ့ မြန်မာမိန်းကလေး သုံးဦး အိမ်သာတက်မယ့် အချိန်စောင့်ပြီး ဗီဒီယိုခိုးရိုက်ဖို့ စပိုင်ကင်မရာတပ်ဆင်ခဲ့တဲ့ မြန်မာအမျိုးသားကို ညတွင်းချင်းပဲ အမိအရဖမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အမျိုးသားဟာ တစ်ဆောင်တည်းနေ ဖြစ်ပြီး နိုင်ငံရပ်ခြားမှာ မြန်မာအချင်းချင်း ရိုင်းပင်းကူညီမယ့်အစား စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်ကို အားလုံးသိစေရန် အလို့ငှာတင်ပြလိုက်ပါတယ်။ တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - သူရိန်
Back to Top