ခိုင်ထူး အမှတ်တရပွဲမှာ ပါဝင်သီဆိုမယ့် ခိုင်ထူးရဲ့သား စိုင်းလင်းထူး

ခိုင်ထူး အမှတ်တရပွဲမှာ ပါဝင်သီဆိုမယ့် ခိုင်ထူးရဲ့သား စိုင်းလင်းထူး ------- အကုန်သိ အနုပညာ ----- “အဖေ့သီချင်းတွေကို လေးလေးစားစားနဲ့ ပြန်ဆိုမှာပါ။ ရင်ထဲမှာလည်း အရမ်းပျော်နေပါတယ်။ကျွန်တော်ငယ်ငယ်လေးတုန်းက သီချင်းတွေဆိုပြတာ တီးပြတာတွေကို အခုထိ မှတ်မိနေပါတယ်။ အဖေဆိုတဲ့သီချင်းတွေက အရမ်းခက်တော့ လိုက်မီဖို့ တော်တော်ကြိုးစာကြည့်ရမယ်။ အဖေ့အတွက် အလှူတွေလဲ လုပ်ပေးချင်တယ်။ အဖေ့ရဲ့အုတ်ဂူသွားပြီး စကားတွေပြောချင်တယ်“ ဆိုပြီး ဖခင်ဖြစ်သူ ဆုံးပါးသွားချိန် အနားမှာမရှိတဲ့ သားတစ်ယောက်ရဲ့ ခံစားချက်ကို စိုင်းလင်းထူးက အခုလို ပြောပါတယ်။ ရိုက်ကူးမေးမြန်း - နွယ်ဏီ၊ မေနိုင်း၊ တည်းဖြတ် - ရဲထက်
Back to Top