နှင်း - ခင်ဝမ်း

နှ င်း - ခ င် ဝ မ်း တောင်ကုန်းလေးတစ်ခုပေါ်ကို တက်လှမ်းတော့ လမ်းခရီးမှာ ကျေးငှက်တွေကို အဖော်ပြုခဲ့တယ် ရေတွင်းကလေး တစ်ခုကိုတွေ့တော့ ရေငင်လို့သောက်ရင်း တွင်းထဲကိုငုံ့ပြီး နှင်းရေလို့ အော်ခဲ့တယ် ကြာပန်းပွင့်တွေ ပြည့်နေတဲ့ ချစ်ရေကန်ကိုလဲ မဖြတ်သန်းနိုင်ခဲ့ပါနှင်းရယ် ဘေးက ကွေ့ရှောင်လို့သာ သွားဖို့တတ်နိုင်ခဲ့တယ် မြင်ရရုံနဲ့ ကျေနပ်နေတတ်ပြီ နေမကွယ်သေးတဲ့ ညနေခင်းမှာ ရင်ခုန်ငြိမ်းတဲ့အခါ လျော့ရဲတဲ့ အပြုံးလေးကို ကိုယ်လဲ ပြန်ပြုံးပြနိုင်မှာ ဘယ်တော့များလဲနှင်းရယ် ဘယ်တော့များလဲနှင်းရယ် ပြာလဲ့ရင်းနှီးတဲ့ ပင်လယ်ကို အခုတော့ နှင်း တစ်ယောက်ထဲ ငေးမော မျှော်ကြည့်နေရမယ် ရေလှိုင်းကလေးတို့ရယ် နှင်းအတွက် ကိုးကွယ်မိသူရဲ့ အရိပ်အယောင်များ အလွမ်းဖြေဖို့ သယ်ယူသွားပါ တစ်ယောက်ထဲ ထားခဲ့ရသူအဖို့မှာ ခံစားရပုံတွေ နားလည်နိုင်ခဲ့ပေါ့ နှင်းရယ် ကိုယ်လဲ နှင်းကိုလွမ်းတယ် အခုတော့ ပင်လယ်ဘဲရှိတယ် ပင်လယ်ဟာ ကိုယ်ဘဲ ယုံမှားနေတော့မယ် ..............
Back to Top