ရှမ်းမြောက်တွင် စစ်ကောင်စီတပ် အထိနာနေချိန် ရခိုင်မှာလည်း တိုက်ပွဲစပြီ
ရှမ်းမြောက်တွင် စစ်ကောင်စီတပ် အထိနာနေချိန် ရခိုင်မှာလည်း တိုက်ပွဲစပြီ
တိုက်ပွဲများ တစ်နှစ်ကြာ ရပ်တန့်နေသည့် ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်ရဲစခန်းများ တိုက်ခိုက်ခံရသည့် ယနေ့(နိုဝင်ဘာ ၁၃) နံနက်ပိုင်းကစတင်ကာ တကျော့ပြန်တိုက်ပွဲများ စတင်ဖြစ်ပွားနေသည်။
ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နှင့် ချိန်ခါနီ နယ်ခြားစောင့်ရဲစခန်း နှစ်ခုကို ရက္ခိုင့်တပ်(AA)က ယနေ့နံနက် ၅နာရီတွင် တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့သည်၊ မင်းပြားမြို့နယ်တွင် စစ်ကား နှစ်စီး မှိုင်းဆွဲတိုက်ခိုက်ခံရသလို ကျောက်တော်မြို့နယ်တွင်လည်း ရဲစခန်းတစ်ခုလုံး AA ထံ လက်နက်ချခဲ့သည်ဟု သိရသည်။
ထို့ပြင် အာဏာသိမ်းစစ်တပ် လက်အောက်ခံ အရာရှိတစ်ချို့လည်း ဖမ်းမိထားသည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက Myanmar Now ကို ပြောသည်။
သတင်း၊ တင်ဆက် - ဟန်သစ်
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် နှိပ်၍ လှူဒါန်းနိုင်ပါသည်။