တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ စစ်ကောင်စီ ဥက္ကဌ နဲ့ တွေ့ဆုံ - သြဂုတ် ၁၄

ရှမ်းမြောက်ဖြစ်စဥ်တွေအပေါ် ဆန့်ကျင်တယ်ဆိုတဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ စစ်ကောင်စီ ဥက္ကဌ နဲ့ တွေ့ဆုံ - သြဂုတ် ၁၄ ------------------------------------------ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ရှမ်းမြောက်ဒေသ EAO အဖွဲ့တွေရဲ့ မြို့ရွာများ ဖြစ်စဥ် တွေ အပေါ် ဆန့်ကျင်ကြောင်း ပြောကြားခဲ့တယ်လို့ စစ်ကောင်စီက ဒီကနေ့ သတင်းထုတ်ပြန် လိုက်ပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ ဟာ နေပြည်တော်မှာ စစ်ကောင်စီ ဥက္ကဌ နဲ့ တွေ့ဆုံရာမှာ အခုလို ပြောကြား ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့ အချုပ်အချာ တည်ရှိမှုကို အခိုင်အမာ လေးစား အသိအမှတ်ပြုကြောင်းလည်း မစ္စတာ ဝမ်ယိက ပြောကြားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက ရွေးကောက်ပွဲ အတွက် ဆောင်ရွက် နေတာကို ထောက်ခံ ကြောင်းလည်း မစ္စတာ ဝမ်ယိက ပြောပါတယ်။ စစ်ကောင်စီ ဥက္ကဌ ကတော့ တရုတ်နဲ့ မြန်မာ နိုင်ငံတို့ဟာ ဘက်မလိုက်ရေး မူအရ (ဘန်းဒေါင်းမူ) ချစ်ကြည်ရင်းနှီးစွာ ကျင့်သုံး နေထိုင်ခဲ့တဲ့ နိုင်ငံတွေ ဖြစ်တယ်လို့ ပြောကြားပါတယ်။ နှစ်ဘက် ခေါင်းဆောင်တွေဟာ ပြည်တွင်း ငြိမ်းချမ်းရေး နယ်စပ် တည်ငြိမ်ရေး ကျားဖြန့် ကိစ္စ ရွေးကောက်ပွဲ ကိစ္စ တွေကို ဆွေးနွေး ခဲ့တယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။ ညနေပိုင်းမှာတော့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ၂ နိုင်ငံ ဆွေးနွေးပွဲကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ vdo credit - inside news ---------------- THN Public Media - ဖေ့စ်ဘွတ် မှာလည်းကြည့်ပြီး ပံ့ပိုးနိုင်ပြီ ဖေ့စ်ဘွတ် မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ --------------------------- Twitter - တယ်လီဂရမ်လည်း ရှိပြီ
Back to Top