Khit Thit သတင်းဌာန၏ ဧပြီ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ ဧပြီ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဧပြီ ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၂၉၇ ရဲ့ နွယ်ဂျဲဘွန် စစ်တပ် စခန်းကုန်းကို KIA နဲ့ မဟာမိတ်တပ်တွေက ဒီကနေ့မနက်မှာပဲ ထပ်မံသိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ - ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့အနောက်တောင်ဘက်က တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀ ဦး ဝန်းကျင်သေသွားတဲ့ အပြင် လက်နက် ၃ လက်ကိုပါ သိမ်းဆည်း ရရှိထားတယ်လို့ PNLA ကနေ သတင်းထုတ်ပြန်ထားပါတယ်။ - မြန်မာပြည်သူတွေကို စစ်အာဏာရှင်စနစ်လက်အောက်ကနေ လွတ်မြောက်နိုင်ဖို့ “ဝ“ ပြည်သွေး စည်းညီညွတ်ရေးပါတီ UWSA အနေနဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေကို ဦးဆောင် ကူညီပံ့ပိုးမှုအတွက် ဂုဏ်ယူပါတယ်လို့ NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
Back to Top