“ ရောပြီးရင်းရော သမပြီးရင်း သမမယ့် “ အဆိုတော်သားစိုးရဲ့ ရောသမနှပ်
“ ရောပြီးရင်းရော သမပြီးရင်း သမမယ့် “ အဆိုတော်သားစိုးရဲ့ ရောသမနှပ်
---------- Business Talk -------------
အပတ်စဉ် တင်ဆက်ပေးနေကျ Business Talk ကဏ္ဍကနေ ကြိုဆိုပါတယ် ... ။
ဒီအစဉ်ကနေ စီးပွားရေးနဲ့ ပတ်သက်တဲ့ တွေ့ဆုံမေးမြန်းခန်းတွေကို အပတ်စဉ် ရိုက်ကူးတင်ဆက်ပေးနေပါတယ်။
ဒီတစ်ပတ်မှာတော့ လက်ဖက်ကြိုက်တဲ့ ရွှေမြန်မာတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်လိုက်တဲ့ အဆိုတော်သားစိုးရဲ့ နောက်ထပ်ခြေလှမ်းသစ် စီးပွားရေးတစ်ခု အနေနဲ့  ရောသမနှပ် လက်ဖက်ကို မြန်မာတစ်ပြည်လုံးမှာ စတင်ဖြန့် ချိမှာ ဖြစ်ပြီးတော့ ရောသမနှပ် စင်တာ ကိုလည်းမကြာမီ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ ရွှေပိုးနန်းတော်ဆိုတဲ့ ပိုးထည်၊ချည်ထည် ဆိုင်ကို စီးပွားရေးတစ်ခု အနေနဲ့  စတင်ဖွင့်လှစ်ခဲ့ပြီး ယခု ရောသမနှပ် လက်ဖက်ကို ကိုယ်တိုင် ဦးစီးလုပ်ကိုင်ဆောင်ရွက်ဖြစ်လာတဲ့အကြောင်းကိုတွေ့ ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ညနေ ၃ နာရီမှာတင်ဆက်ပေးကျေဖြစ်လို့ စောင့်မျှော်ကြည့်ရှု ပေးကြပါဦးနော် ....... ။
ရိုက်ကူး/တည်းဖြတ် - ပြည့်စုံ
မေးမြန်း - နွယ်ဏီ