အောက်တိုဘာ ၂၈ ရက်နေ့နံနက်ခင်း သတင်းအစီအစဉ်

အောက်တိုဘာ ၂၈ ရက်နေ့နံနက်ခင်း သတင်းအစီအစဉ်( တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု) ■ ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်၊လောက်ကိုင်၊လားရှိုး၊ကွမ်လုံ၊သိန္နီမြို့များတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကာ ရဲစခန်း၊ ပြည်သူ့စစ် များကျဆုံးခဲ့ပြီး လုံခြုံရေးအရတန်ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်နေဟု နစကပြောရေးဆိုခွင့်ရှိသူပြောကြား ■ ကော့ကရိတ်မြို့အတွင်းနှင့်မြို့ပတ်ဝန်းကျင်တွင်တိုက်ပွဲများဖြစ်ပွားကာ ဌာနဆိုင်ရာရုံးတချို့မီးရှို့ဖျက်ဆီးခံရ၊ တိုက်ပွဲများကြောင့် ပြည်သူများဒဏ်ရာရမှုများရှိပြီး ယာဉ်အသွားအလာရပ်ဆိုင်းထားဟု သိရ ■ လားရှိုးမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအချို့တွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် တိုက်ပွဲရှောင် ပြည်သူ ၆၀၀ ခန့် လားရှိုးသို့ ရောက်ရှိလာ ■ ရန်ကုန်မြို့တွင် ညမထွက်ရ အမိန့်အား အချိန်လျှော့ကာ ပြန်လည်သတ်မှတ် ■ ဂါဇာ၌ ဟားမာ့စ်ကို အစ္စရေးလက်တုံ့ပြန်မှုမရပ်ပါက အမေရိကန်သည်လည်း ပဋိပက္ခမှ လွတ်မည်မဟုတ်ဟု အီရန်သတိပေး ■ ကမ္ဘာတစ်ဝန်းတွင် အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်းရှောင်သူအရေအတွက် ၁၁၄ သန်းခန့်အထိ စံချိန်တင်မြင့်တက်ခဲ့ဟု ကုလသမဂ္ဂ ပြောကြား
Back to Top