အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )

■ မန္တလေး- လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ခရီးသွားယာဉ်များ ပုံမှန်သွားလာလျက်ရှိပြီး လားရှိုးမြို့တွင်း၌ လည်း ပုံမှန်အတိုင်းသွားလာလျက်ရှိကာ လားရှိုး-မူဆယ်၊လားရှိုး-ချင်းရွှေဟော်လမ်းပိုင်းအား လုံခြုံရေးအရဖြတ်သန်း သွားလာ၍ မရသေး ■ တာမွေမြို့နယ်တွင် ရုံးခန်းဖွင့်လှစ်၍ အွန်လိုင်းမှတစ်ဆင့် ပြည်ပနိုင်ငံသားများထံမှ ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေ သူ ၉၅ ဦး အား ဖမ်းဆီးရမိ ■ သီတင်းကျွတ်ကာလအတွင်း ပုဂံ ညောင်ဦးရှိ ဟိုတယ်၊ တည်းခိုခန်းများတွင် လူပြည့်နေပြီး နေအိမ်အချို့ကို ညအိပ် ငှားရမ်းမှုများရှိ ■ ဟားမာ့စ်အဖွဲ့သည် မြောက်ကိုရီးယားနှင့် အီရန်လုပ်လက်နက်များကို အသုံးပြုခဲ့ကြောင်း အစ္စရေး ပြောကြား ■ အမေရိကန်နိုင်ငံ မိန်းပြည်နယ်တွင် လူ ၁၈ ဦးကို ပစ်သတ်ခဲ့သည့် သေနတ်သမား၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ ■ အစ္စရေးတိုက်ခိုက်မှုများကြောင့် ဂါဇာ၌သေဆုံးသူ ၇,၀၀၀ နီးပါး၏ အမည်စာရင်းကို ဟားမာ့စ်ထုတ်ပြန် ■ ဒီဘရိုင်းနားနေရာအစားထိုးရန် မူဆီယာလာကို ဂွါဒီယိုလာ ပစ်မှတ်ထား
Back to Top