မြဝတီ မြို့စောင့်တပ်ကို ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းပိုက် - BBC NEWS မြန်မာ

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက် ဘီဘီစီ မြန်မာတီဗီ အစီအစဉ် - မြဝတီမြို့နားက ခလရ ၂၇၅ ကို ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီလို့ KNU က အတည်ပြုပြောကြားပါတယ်။ အဲဒီမှာ စစ်ရေး အခြေအနေ ဘယ်လိုရှိပါသလဲ။ - နေပြည်တော် ဧလာ လေတပ်စခန်းမှာ ရှော့တိုက် ဒုံးတွေနဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ တစ်ပတ်အတွင်း နှစ်ကြိမ်မြောက် တိုက်ခိုက်ခံရမှုလည်း ဖြစ်ပါတယ်။ - ဥရောပ တဝန်းက အားကစားပြိုင်ပွဲတွေမှာ အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်တွေ ကြုံလာရတာကြောင့် လုံခြုံရေးတိုးမြှင့်ထားရတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း
Back to Top