လားရှိုးမြို့ တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်ဖွဲ့များ ဝင်ရောက်စီးနင်းနေပြီ

လားရှိုးမြို့ တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်ဖွဲ့များ ဝင်ရောက် စီးနင်းတိုက်ခိုက်နေပြီ ………………….. ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာန ရမခ ဌာနချုပ်ကို ကိုးကန့်တပ် MNDAA နဲ့ မဟာမိတ်တွေက ဒီကနေ့ ဩဂုတ်လ ၁ရက်နေ့ မနက်ပိုင်းကစတင်ပြီး၊ အပြင်းအထန် ထိုးစစ်ဆင်နေပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ မြိုခံတွေဆီကနေ သိရပါတယ်။ လားရှိုးလေဆိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဇူလိုင်လ ၃၀ရက်နေ့မှာ ကိုးကန့်တပ်က စီးနင်းတိုက်ခိုက်ပြီးတဲ့နောက်မှာ လေဆိပ်နဲ့ ခြံဝန်းပဲခြားတဲ့ တိုင်းစစ်ဌာနချုပ် ဧည့်ရိပ်သာအတွင်းထဲအထိ စစ်တပ်က လက်လွတ်လိုက်ရပြီလို့ ကိုးကန့်တပ်နဲ့နီးစပ်သူ မြို့ခံတစ်ဦးက ပြောပါတယ်။ ဧကပေါင်း ၂၀လောက် အကျယ်အဝန်းရှိတဲ့ ရမခ တိုင်းစစ်ဌာနချုပ်ထဲက အချက်အချာကျတဲ့ ဗဟိုကင်းကို ကိုးကန့်တပ်တွေက ဒီမနက်ပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်နေပြီလို့လည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး CDM တပ်အရာရှိ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
Back to Top