အချစ်နှစ်ခု အားပြိုင်ရင် ရန်သူတွေ ဖြစ်တတ်တယ်

အချစ်နှစ်ခု အားပြိုင်ရင် ရန်သူတွေ ဖြစ်တတ်တယ် ----- Movie Review ----- လူတစ်ယောက်ရဲ့ဘ၀ထဲကို အရမ်းချစ်ရသူနဲ့ အရမ်းမုန်းရသူ တစ်ပြိုင်နက်တည်း ၀င်လာတတ်တယ်။ သံသယဆိုတာ အချစ်ကိုဖြည်းဖြည်းချင်းသတ်မယ့် အဆိပ်။ အချစ်စိတ်ကြောင့် စိုးရိမ်မှုတွေဖြစ်ပေါ်သလို ဆုံးရှုံးရမှာလည်း ကြောက်တတ်လာတယ်။ လူငယ်တွေမှာ ဖြစ်တတ်တဲ့ သုံးပွင့်ဆိုင်အချစ်တစ်ခုကြောင့် ရန်သူတွေဖြစ်သွားတတ်တယ်ဆိုတာ ဖော်ကျူးထားတဲ့ ရန်သူရုပ်ရှင်ဇာတ်ကားကြီးကို ဒီတစ်ပတ် Movie Review အစီအစဉ်ကနေ ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - သူရိန်
Back to Top