- မောင်တောက ဗောဓိကုန်း နယ်ခြားစောင့် စခန်းကို AA သိမ်းပိုက်လိုက်တဲ့သတင်း

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် တောင်ပိုင်းမှာ တည်ရှိ‌ နေတဲ့ဗောဓိကုန်း နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်လိုက်တယ်လို့သိရပါတယ် မောင်တော-အငူမော်လမ်းမှာရှိတဲ့ အဲ့ဒီစခန်းကို နိုဝင်ဘာ ၂၈ ရက် မနက် ၆ နာရီကျော်မှာ အေအေက ဝင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်ပိုင်းမှာ သိမ်းပိုက်ရရှိခဲ့တာလို့ မောင်တောဒေသခံ တစ်ယောက်က နိရဉ္စရာသတင်းဌာနကို ပြောပါတယ်။ တိုက်ခိုက် သိမ်းပိုက်ပြီးနောက် မနေ့က ည ၈ နာရီ ကျော်လောက်မှာ ဗော‌ဓိကုန်း စခန်း မီးလောင်နေတာကို မြင်တွေ့ခဲ့ရတယ်လို့လည်း ဒေသခံတစ်‌ေယာက်က ပြောပါတယ်။ ဗောဓိကုန်းစခန်းဟာ ကင်းချောင်း၊ ရွှေရင်အေး၊ ခရမြိုင်စတဲ့ အင်အားနည်းစခန်းငယ်တွေကို ပေါင်းစု ထားတဲ့ စခန်းဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီတိုက်ပွဲကြောင့်မောင်တောမြို့နယ်က သရီကုန်ဘောင်၊ ကိုင်းကြီး၊ ရွှေရင်အေး၊ ခရေမြိုင်၊ ဗောဓိကုန်း စသည့်ကျေးရွာ ၅ ရွာကဒေသခံရာနဲ့ချီပြီး ထွက်ပြေးနေရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ရက်‌‌ နေ့ကလည်း မောင်တောမြောက်ပိုင်းက ဒုံးညိုနယ်ခြားစောင့် စခန်းကို (AA)က ဝင်တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။ #သတင်း #ရခိုင် #စစ်ကောင်စီ #စခန်းသိမ်း #မောင်တော #အေအေ
Back to Top