ရှမ်းမြောက်မှာ စစ်ကောင်စီတပ်စခန်း ၉၀ ကျော် သိမ်းပိုက်ရရှိ

ရှမ်းမြောက်မှာ စစ်ကောင်စီတပ်စခန်း ၉၀ ကျော် သိမ်းပိုက်ရရှိ ******************************* သံလွင်ခက် နိုဝင်ဘာ ၂ ၊ ၂၀၂၃ ။ ၁၀၂၇ စစ်ဆင်ရေးရဲ့ ၇ ရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့ နိုဝင်ဘာလ ၂ရက် မနက်ပိုင်းမှာလည်း တပ်စခန်းတွေ ထပ်မံသိမ်းပိုက်ရရှိထားပြီး မဟာမိတ်တပ်တွေက စစ်ကောင်စီတပ်စခန်းပေါင်း ၉၀ ကျော်ကို သိမ်းပိုက်ရရှိထားတယ်လို့ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပါတယ် ။ ရက်ပိုင်းအတွင်းမှာ တပ်စခန်းတွေ အများအပြား သိမ်းဆည်းခံနေရတဲ့ အခြေအနေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအညံ့ခံမှုတွေ များလာပြီး တပ်ဖွဲ့ဝင် ၁၀၀ ကျော် ထိရှိလာနေပါတယ်။ တပ်စခန်းတွေနဲ့ လက်နက်၊ ခဲယမ်း အမြောက်အများ သိမ်းဆည်းခံနေရတဲ့ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်တွေ ဘယ်လိုရှိပါသလဲ စတဲ့အကြောင်းအရာတွေ အပါအဝင် လက်ရှိစစ်ဆင်ရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတချို့ကို ကိုးကန့်တပ်မတော် MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို သံလွင်ခက်က ဆက်သွယ်မေးမြန်းထားပါတယ်။
Back to Top