နမ့်ဆန်မြို့ကို TNLA တအာင်းတပ်ဖွဲ့ သိမ်းပိုက် - BBC NEWS မြန်မာ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်၊ တနင်္လာညချမ်း ဘီဘီစီ မြန်မာတီဗီ အစီအစဉ် - ရှမ်းမြောက်က နမ့်ဆန် မြို့ကို ဒီဇင်ဘာ ၁၆ ရက်နေ့ကစပြီး TNLA တအာင်းတပ်ဖွဲ့က အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သလို စစ်ကောင်စီ တပ်စခန်းတွေကနေ လက်နက် အများအပြားကိုလည်း သိမ်းယူရရှိတယ်လို့ သတင်းထုတ်ပြန်။ - မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းထုတ်လုပ်မှု အများဆုံး နိုင်ငံ ဖြစ်လာပြီး၊ ဒီနှစ်ထဲမှာ ဘိန်းတန်ချိန် တစ်ထောင်ကျော် ထုတ်လုပ်ခဲ့တယ်လို့ ကုလသမဂ္ဂက အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အခြေအနေနဲ့ မိုင်းယော် တိုက်နယ်က ဘိန်းစိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေ။ - ဂါဇာထဲကို လူမှုကူညီရေး ပစ္စည်းတွေ ရောက်လာချိန် ရာဖာနယ်စပ်ဂိတ်မှာ ဖရိုဖရဲ အခြေအနေ ဖြစ်ပွားခဲ့ပါတယ်။ တခါ ဟားမတ်စ်ရဲ့ အကြီးဆုံး မြေအောက်လိုဏ်ခေါင်းကိုလည်း ရှာတွေ့ခဲ့တယ်လို့ အစ္စရေးက ပြောကြားတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း
Back to Top