ရိုက်တာ သတင်းထောက်တွေကို ထောင်ဒဏ် ၇ နှစ်ချတာ တရားမျှတမှု ရှိရဲ့လား (ရုပ်/သံ)

ရိုက်တာ သတင်းထောက်တွေကို ထောင်ဒဏ် ၇ နှစ်ချတာ တရားမျှတမှု ရှိရဲ့လား (ရုပ်/သံ) ဧရာဝတီ၊ စက်တင်ဘာ ၃၊ ၂၀၁၈ နိုင်ငံတော် လျို့ဝှက်ချက် ဥပဒေနဲ့ တရားစွဲ ခံထားရတဲ့ ရိုက်တာ သ တင်းထောက် ၂ ဦးကို အပြစ်ရှိတယ်ဆိုပြီး ရန်ကုန်၊ မြောက်ပိုင်း ခရိုင် တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တာ တရားမျှတမှု ရှိရဲ့လားဆိုတာကို ပြန်ကြားရေး ဒုဝန်ကြီးနဲ့ NLD အမတ်တွေကို ဧရာဝတီက တွေ့ဆုံ မေးမြန်းထားပါတယ်။ ပြန်ကြားရေး ဒုတိယ ဝန်ကြီးကတော့ အယူခံ ဝင်လို့ ရသေးပြီး သတင်းထောက်တွေ အနေနဲ့ ထိတ်လန့်စရာ မလိုဘဲ ကိုယ့်အလုပ်ကို ဆက်လုပ်ကြဖို့ ပြောသလို အမတ်တွေကတော့ ဒီအမှုက စဖြစ်ကတည်းက ပွင့်လင်းမြင်သာမှု မရှိသလို လျို့ဝှက်ချက် မြောက်မမြောက်ဆိုတာတောင် အငြင်းပွားစရာတွေ ရှိနေတယ်လို့ ပြောပါတယ်။ ရိုက်ကူး - ထက်နိုင်ဇော်/ဧရာဝတီ
Back to Top