| ဟားမက်စ် ဟဇ်ဘိုလာ ဟူသီ သုံးဖွဲ့ပေါင်းရဲ့တိုက်ခိုက်ခြင်းကိုခံနေရတဲ့ အစ္စရေး
| ဟားမက်စ် ဟဇ်ဘိုလာ ဟူသီ သုံးဖွဲ့ပေါင်းရဲ့တိုက်ခိုက်ခြင်းကိုခံနေရတဲ့ အစ္စရေး
စစ်ပွဲတစ်ပွဲကို အနိုင်အရှုံး သက်သက်နဲ့ ကြည့်မယ်ဆိုရင် ဒါက အပေါ်ယံကြောလောက်ပဲ နားလည်တယ်ဆိုတဲ့ အဆင့်ပဲရှိပါတယ်။ စစ်ပွဲ နဲ့ ကပ်လျက်ပါလာတာကတော့ စီးပွားရေးပါပဲ ။ ရုရှားသမ္မတပူတင်က ယူကရိန်းကို စစ်မျက်နှာ ၃ ခု ဖွင့်တိုက်ခဲ့ပါတယ် ။ မြောက်ပိုင်း ဘီလာရုစ်နယ်စပ်ကနေ ယူကရိန်းမြို့တော် ကိယက် ကိုသိမ်းဖို့ ကြိုးစားတဲ့စစ်မျက်နှာ ၊ အရှေ့ဖက် ဒွန်းဘက်စ် ဒေသမှာ ဒွန်းညက် နဲ့ လုဟန့်စ် ခွဲထွက်ရေးသမားတွေအတွက် စစ်မျက်နှာတစ်ခုနဲ့ တောင်ဖက် ခရိုင်းမီးယားကိုအခြေပြုပြီး အဇော့ပင်လယ်နဲ့ ပင်လယ်နက်ဆိပ်ကမ်းမြို့တွေကို သိမ်းတဲ့ စစ်မျက်နှာတစ်ခုဖွင့်ခဲ့ပါတယ်။ အဲ့ဒိစစ်မျက်နှာတွေထဲကမှ ယူကရိန်းသားတွေက အပြင်းအထန်ခံချအပြီး မြောက်ပိုင်း စစ်မျက်နှာမှာ ခွက်ခွက်လန် ရှုံးသွားခဲ့ရပါတယ်.. အဲ့ဒိအချိန်မှာ သမ္မတပူတင်က စစ်ဆင်ရေးကိုပြန်ပြီးသုံးသပ်ကာ ယူကရိန်းတွေကို အရှေ့ဖက်စစ်မျက်နှာကို မြူပြီး တောင်ဘက် ပင်လယ်ထွက်ပေါက် တစ်ခြမ်းလုံးကိုသိမ်းပစ်လိုက်ပါတယ်။ အဲ့ဒိအချိန်မှာသူက သူ့ရဲ့ စစ်ရေးရည်မှန်းချက် အောင်မြင်တယ် ဆိုပြီးပြောလာပါတယ်။ ယူကရိန်းမြောက်ဖက်စစ်မျက်နှာပြင်မှာ ရုရှားရှုံးတယ်ဆိုတာလက်ခံရပေမဲ့ အရှေ့ဖက်နဲ့ တောင်ဖက်မှာ နိုင်လိုက်တယ်လို့ဆိုနိုင်ပါတယ် ။ စစ်ပွဲမှာရှုံးတာနိုင်တာလောက်နဲ့ စကား ပြောလို့မရပါဘူး ။ ဒီတစ်ခေါက် အစ္စရေး - ဟားမတ်စ် စစ်ပွဲမှာ အစ္စရေးက စီးပွားရေးအရ အတော်ကို အထိနာနေပါတယ်။ လောလောဆယ် အစ္စရေးက )