’’ALP တပ်ဖွဲ့ဝင်တွေက သူတို့ကို တဝက်ပေးရမယ်ဆိုပြီးတော့ ခြိမ်းခြောက်ပြီးတောင်းပါတယ်။’’
BNA(အင်တာဗျူး)
စစ်တွေ၊ဇွန် ၂၇။
စစ်တွေမြို့နေ ဒေသခံနှစ်ဦးကို ဇွန်လ ၁၇ ရက်နေ့က ALP တပ်ဖွဲ့ဝင်တွေလာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။
အဲဒီဒေသခံနှစ်ဦးကို စစ်တွေမြို့၊နာဇီရွာမှာရှိတဲ့ ALP စခန်းမှာ ထိန်းသိမ်းပြီးနှိပ်စက်တာတွေ ရှိနေတယ်လို့လည်း မိသားစုဝင်တွေက ဆိုပါတယ်။
အဲဒီလိုဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက ခုလိုရှင်းပြပါတယ်။